ဖုန်းဆက်ရန်

တောင်ကိုရီးယား · အဖွဲ့လိုက်ခရီးစဉ်

ဂျယ်ဂျူး · ဘူဆန် · ဆိုးလ်

ဂျယ်ဂျူးကျွန်း၊ ဘူဆန်ကမ်းခြေ၊ Nami Island နဲ့ Everland တို့ ပါဝင်ပါတယ်။

စီစဉ်ထားသည့် ထွက်ခွာရက်–ပြန်ရက်
– ဧပြီ ၂၀၂၇
ခရီးကြာချိန်
၇ ည · ၈ ရက်
နေရာလွတ် စုံစမ်းရန်
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ နန်းတော်
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ နန်းတော်

တစ်ရက်ချင်း အစီအစဉ်

  1. ရက် ၁ ·

    ရန်ကုန်မှ အင်ချွန်း၊ ဂျယ်ဂျူးသို့ ဆက်သွား

    ရန်ကုန်မှ အင်ချွန်းသို့ ပျံသန်းပြီး ဂင်ပိုလေဆိပ်မှ ဂျယ်ဂျူးကျွန်းသို့ ပြည်တွင်းလေယာဉ်ဖြင့် ဆက်သွားပါမယ်။

  2. ရက် ၂ ·

    Seongsan Sunrise Peak၊ ဂျယ်ဂျူးရိုးရာရွာနှင့် ရေတံခွန်

    Seongsan Sunrise Peak၊ Seongeup Folk Village၊ Cheonjiyeon ရေတံခွန်နဲ့ Jusangjeolli ကမ်းပါးကို လည်ပတ်ပါမယ်။

    ဂျယ်ဂျူးကျွန်းရှိ Seongsan Sunrise Peak
    ဂျယ်ဂျူးကျွန်းရှိ Seongsan Sunrise Peak
  3. ရက် ၃ ·

    Dragon Head Rock၊ ဘူဆန်သို့ ဆက်သွား

    Dragon Head Rock နဲ့ Mysterious Road ကြည့်ပြီး ဘူဆန်သို့ ဆက်သွားပါမယ်။ Haeundae ကမ်းခြေနဲ့ Yongdusan Park ဘက်ကို လည်ပါမယ်။

    ဘူဆန် ကမ်းခြေနှင့် မြို့ရှုခင်း
    ဘူဆန် ကမ်းခြေနှင့် မြို့ရှုခင်း
  4. ရက် ၄ ·

    Haedong Yonggungsa Temple နှင့် Busan Sky Capsule

    ကမ်းပါးပေါ်က Haedong Yonggungsa Temple ကို သွားပြီး Blue Line Park ရဲ့ Sky Capsule စီးပါမယ်။ BIFF Square မှာလည်း လည်ပတ်ပါမယ်။

    ဘူဆန် Blue Line Park ရှိ Sky Capsule
    ဘူဆန် Blue Line Park ရှိ Sky Capsule
  5. ရက် ၅ ·

    KTX ဖြင့် ဆိုးလ်၊ Gyeongbokgung နန်းတော်နှင့် Bukchon

    ဘူဆန်မှ KTX စီးပြီး ဆိုးလ်ကို ပြန်ပါမယ်။ Gyeongbokgung နန်းတော်မှာ Hanbok ဝတ်စုံနဲ့ ဓာတ်ပုံရိုက်နိုင်ပြီး Bukchon ရိုးရာရပ်ကွက်ကို လည်ပါမယ်။

    ဆိုးလ်ရှိ ကိုရီးယားရိုးရာ နန်းတော်
    ဆိုးလ်ရှိ ကိုရီးယားရိုးရာ နန်းတော်
  6. ရက် ၆ ·

    Pocheon Art Valley၊ Nami Island နှင့် Petite France

    Pocheon Art Valley နဲ့ Begonia Bird Park ကို လည်ပြီး Nami Island၊ Petite France တို့ကို ဆက်သွားပါမယ်။

    Pocheon Art Valley ရှိ ကျောက်ကမ်းပါးနှင့် ရေကန်
    Pocheon Art Valley ရှိ ကျောက်ကမ်းပါးနှင့် ရေကန်
  7. ရက် ၇ ·

    Everland Theme Park နှင့် ဆိုးလ်မြို့တွင်း လည်ပတ်

    Everland အပန်းဖြေဥယျာဉ်ကို လည်ပြီး Cheonggyecheon ချောင်းနဲ့ Starfield စာကြည့်တိုက်ဘက် ဆက်သွားပါမယ်။

    Everland အပန်းဖြေဥယျာဉ်
    Everland အပန်းဖြေဥယျာဉ်
  8. ရက် ၈ ·

    အင်ချွန်းမှ ရန်ကုန်ပြန်

    ဆိုးလ်မှာ Ginseng Gallery နဲ့ အလှကုန်ဆိုင် လည်ပြီး အင်ချွန်းလေဆိပ်မှ ရန်ကုန်ပြန်ပါမယ်။

လေယာဉ်နဲ့ တည်းခိုမည့်နေရာ

ဖော်ပြထားသည့် လေယာဉ်အချိန်များကို ခရီးစဉ်အတည်ပြုချက်နဲ့ ပြန်စစ်ပါ။

  • · ရန်ကုန် → အင်ချွန်း
    8M-801 · 06:50–15:05
  • · ဂင်ပို → ဂျယ်ဂျူး
    KE-1211 · 19:10–20:25
  • · ဂျယ်ဂျူး → ဘူဆန်
    KE-1538 · 14:50–15:55
  • · အင်ချွန်း → ရန်ကုန်
    8M-802 · 16:05–19:35

တည်းခိုမည့်နေရာ

  • ဂျယ်ဂျူး — Shinshin Hotel (သို့) အလားတူ
  • ဘူဆန် — Gwangsu (သို့) အလားတူ
  • ဆိုးလ် — Park Habio (သို့) အလားတူ
ပါဝင်သည့် ဝန်ဆောင်မှုများ
  • အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်း လေယာဉ်လက်မှတ်၊ ဘူဆန်–ဆိုးလ် KTX
  • ကြယ် ၃ ပွင့် ဟိုတယ် ၇ ည၊ အစီအစဉ်ပါ အစားအသောက်နှင့် အကြိုအပို့
  • Everland၊ Nami Island ferry နှင့် Blue Line Park လက်မှတ်
  • ရန်ကုန်မှ လိုက်ပါမည့် Tour Leader နှင့် အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
မပါဝင်သည့် ဝန်ဆောင်မှုများ
  • Show money နှင့် ခရီးသွားအာမခံ
  • ဧည့်လမ်းညွှန်နှင့် ကားဆရာ tipping၊ အစီအစဉ်ပြင်ပ အသုံးစရိတ်

ဒီခရီးစဉ်ကို စုံစမ်းရန်

ခရီးစဉ်အမည်၊ သွားမယ့်ရက်နဲ့ ခရီးသည်ဦးရေကို ပြောပေးပါ။ အရောင်းအဖွဲ့က ရနိုင်မယ့်နေရာနဲ့ ဈေးနှုန်းကို စစ်ပြီး ပြန်ပြောပေးပါမယ်။