China · Tourist Visa (L)
တရုတ် အလည်အပတ်ဗီဇာ
တရုတ်ပြည်မကြီးကို အလည်အပတ်သွားဖို့ Tourist Visa (L) စာရွက်စာတမ်းနှင့် ခရီးစဉ်အထောက်အထား ပြင်ဆင်ရာမှာ ကူညီပေးပါတယ်။
- SontZar ခန့်မှန်းကြာချိန်
- အလုပ်ဖွင့်ရက် ၅ ရက်ဝန်းကျင်
- ဗီဇာ သက်တမ်း
- ထုတ်ပေးသည့်ဗီဇာအတိုင်း
- နေထိုင်ခွင့်
- ဗီဇာတွင် သတ်မှတ်သည့်ရက်
လျှောက်ထားသူနှင့် အမှုတွဲအလိုက် ကြာချိန် ကွာနိုင်ပါတယ်။
ဗီဇာကြေးနှင့် ဝန်ဆောင်ခ
- တရားဝင် ဗီဇာကြေး
- လျှောက်ထားမီ စစ်ဆေးရန်ပုံမှန်၊ အမြန်နှုန်းနှင့် ဘဏ်ကြေးကို တရုတ်သံရုံး၏ နောက်ဆုံးနှုန်းထားအတိုင်း အတည်ပြုပါ။
- SontZar ဝန်ဆောင်ခ
- USD 80တစ်ဦးလျှင်
လိုအပ်သော စာရွက်စာတမ်းများ
SontZar ပြင်ဆင်ရေးစာရင်း။ သင့်အခြေအနေအလိုက် လိုအပ်ချက်များ ကွာနိုင်ပါတယ်။
ကိုယ်ရေးနှင့် ခရီးစဉ်
- သက်တမ်းရှိသော နိုင်ငံကူးလက်မှတ် မူရင်း၊ အချက်အလက်စာမျက်နှာနှင့် ဒုတိယစာမျက်နှာ မိတ္တူ
- အဖြူရောင်နောက်ခံ ဓာတ်ပုံ ၂ ပုံ။ ဖိုင်အရွယ်အစားကို သံရုံးသတ်မှတ်ချက်အတိုင်း ပြင်ဆင်ပါ။
- အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မိတ္တူ
- ဟိုတယ်ဘိုကင်နှင့် အသွားအပြန် လေယာဉ်ဘိုကင်
ငွေကြေးအထောက်အထား
- ဘဏ်မန်နေဂျာ လက်မှတ်နှင့် ဘဏ်တံဆိပ်ပါ ၃ လစာ မူရင်း ဘဏ်စာရင်းရှင်းတမ်း၊ ဘဏ်စာအုပ်မူရင်း။ SontZar ပြင်ဆင်ရေး လမ်းညွှန်တွင် အဝင်အထွက်တစ်ကြိမ်စီအပြီး ကျပ်သိန်း ၃၀ နှင့်အထက် လက်ကျန်ကို ဖော်ပြထားပါတယ်။
- ကုမ္ပဏီက ခရီးစရိတ် တာဝန်ယူပါက Company Extract ပါ ဒါရိုက်တာ၏ မူရင်းလက်မှတ်၊ တံဆိပ်ပါ အလုပ်ထောက်ခံစာ၊ DICA မှတ်ပုံတင်နှင့် Company Extract ပြင်ဆင်ပါ။
ဗီဇာ စုံစမ်းရန်
စုံစမ်းတဲ့အခါ သွားမယ့်နိုင်ငံ၊ ခရီးရက်နဲ့ ခရီးရည်ရွယ်ချက်ကို ပြောပေးပါ။
ဖုန်းဆက်ရန် 09 880 902 556လျှောက်ထားမီ သိထားရန်
- ဘဏ်စာရင်းရှင်းတမ်းအစား ကုမ္ပဏီက တာဝန်ယူသည့် အထောက်အထား တင်လိုပါက လျှောက်ထားမီ SontZar နှင့် အတည်ပြုပါ။ သံရုံးက လိုအပ်လျှင် အင်တာဗျူး ခေါ်နိုင်ပါတယ်။