Thailand · Single Entry Tourist e-Visa (TR)
ထိုင်း အလည်အပတ်ဗီဇာ
ရန်ကုန်မှ ထိုင်းနိုင်ငံသို့ အလည်အပတ်သွားမည့်သူများအတွက် တစ်ကြိမ်ဝင်ခွင့် e-Visa လျှောက်ထားရာတွင် ကူညီပေးပါတယ်။
- SontZar ခန့်မှန်းကြာချိန်
- ၁၄ ရက်ဝန်းကျင်
- ဗီဇာ သက်တမ်း
- ထုတ်ပေးသည့်နေ့မှ ၃ လ
- နေထိုင်ခွင့်
- ရက် ၆၀ အထိ
စာရွက်စာတမ်းပြည့်စုံပြီး သံရုံးကြေး ပေးသွင်းပြီးနောက် သံရုံးတွင် အလုပ်ဖွင့်ရက် ၁၅ ရက်အထိ ကြာနိုင်ပါတယ်။
ဗီဇာကြေးနှင့် ဝန်ဆောင်ခ
- တရားဝင် ဗီဇာကြေး
- USD 40Single Entry အတွက် ဒေါ်လာစာရွက်အသစ်၊ အခြေအနေကောင်းသော ငွေစက္ကူဖြင့် ပေးသွင်းရပါတယ်။
- SontZar ဝန်ဆောင်ခ
- ၁၅၀,၀၀၀ ကျပ်စာရွက်စာတမ်း ပြင်ဆင်ပေးခြင်းနှင့် သံရုံးသို့ သွားရသည့်အခါ လိုက်ပါကူညီပေးခြင်း ပါဝင်ပါတယ်။
လိုအပ်သော စာရွက်စာတမ်းများ
SontZar ပြင်ဆင်ရေးစာရင်း။ သင့်အခြေအနေအလိုက် လိုအပ်ချက်များ ကွာနိုင်ပါတယ်။
ကိုယ်ရေးအချက်အလက်
- သက်တမ်းရှိသော နိုင်ငံကူးလက်မှတ် မူရင်း စကင်ဖိုင်
- အိမ်ထောင်စုစာရင်း စကင်ဖိုင်
- အဖြူရောင်နောက်ခံ ဓာတ်ပုံ စကင်ဖိုင်
- အိမ်လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်
- လက်ရှိနေထိုင်ရာကို ဖော်ပြသည့် အထောက်အထား
ငွေကြေးအထောက်အထား
- ဘဏ်စာရင်းရှင်းတမ်း (Bank Statement) စကင်ဖိုင်
- ဘဏ်စာအုပ် စာမျက်နှာတိုင်း၏ စကင်ဖိုင်
- ငွေကြေးအထောက်အထားနှင့် လစာဖြတ်ပိုင်း (Pay Slip)
SontZar ပြင်ဆင်ပေးမည့် ဝန်ဆောင်မှုများ
- ဟိုတယ်ဘိုကင်
- အသွားအပြန် လေယာဉ်ဘိုကင်
- ခရီးစဉ် အစီအစဉ်
- လျှောက်လွှာဖြည့်ပေးခြင်း
- အွန်လိုင်း e-Visa လျှောက်ထားပေးခြင်း
စုံစမ်းတဲ့အခါ သွားမယ့်နိုင်ငံ၊ ခရီးရက်နဲ့ ခရီးရည်ရွယ်ချက်ကို ပြောပေးပါ။
ဖုန်းဆက်ရန် 09 880 902 556